ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ဝိပဿနာ (မန္တလေး) ဦးဆောင်နာယက ဆရာဒေါက်တာစိုးလွင် ၏ ၂၀၁၈ ခုနှစ် မေလ ၅ရက် သင်တန်းကို ၆၂လမ်း၊ ၂၂ နှင့်၂၃ကြား၊ တကောင်းကျောင်းတိုက်တွင် မေလ ၁၉ ရက် မှ၂၃ ရက် တိုင်တိုင် နေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီထိ သင်ကြားပါမည်။
နံနက် ၉ နာရီ မှ ၁၁ နာရီ အထိ နားမလည်သော ဓမ္မများ မေးမြန်းနိုင်ပြီး ဓမ္မသာကစ္ဆာအချိန် ဖြစ်ပါသည်။
သင်ကြားမည့် တရားများမှာ တရက်လျှင် ခေါင်းစဉ်တခု ဖြစ်ပါသည်။
၁။ အနိစ္စ ဒုက္ခ အနတ္တ အသုဘ
၂။ အသိဆင်းရဲ အနေဆင်းရဲ
၃။ ဆင်းရဲချမ်းသာ နှင့်သဘာဝ
၎။ ရုပ် နာမ် နှင့် ကိလေသာ
၅။ ကြောက်ခြင်း ကင်းသည့် မနော တို့ ဖြစ်ပါသည်။
စိတ်ဝင်စားသည့် ဓမ္မမိတ်ဆွေများ မည်သူမဆို တရားအလှူခံ ပုဂ္ဂိုလ်အဖြစ် ကြွရောက်နိုင်ပါသည်။